top of page
Search

Interview အောင်ဖို့ ဘာတွေ လုပ်သင့်သလဲ။

Updated: Dec 28, 2021

ကြာချိန် ။ ၁ - ၂ နာရီ

နေရာ ။ Zoom Online

ပြုလုပ်ပုံ ။ အဖွဲ့လိုက် (လိုအပ်ပါက တဦးခြင်း)

အခကြေးငွေ။ ၁၀၀€ (မအောင်မြင်ပါက ဒုတိယအကြိမ် အခမဲ့)

တတိယ အကြိမ်နှင့်အထက်။ တကြိမ်လျင် ၇၅€

အင်တာဗျူးသူများ။ အကောင်းဆုံးအနာဂတ်


အကောင်းဆုံးအနာဂတ် မြန်မာသည် မြန်မာနိုင်ငံလူငယ်လေးများ၏ အနာဂတ်ကို လမ်းဖောက်ပေးနေယုံသာမက၊ ဖင်လန်နိုင်ငံ၏ အနာဂတ်ကိုလည်း ဖန်တီးပေးနေခြင်းဖြစ်သည်။ နိုင်ငံ၏ ပြည်သူပြည်သားများ ပညာတတ်ကျွမ်းမှသာလျင် နိုင်ငံတကာနှင့် ရင်‌ပေါင်တန်းနိုင်ပြီး၊ ထို့သို့ ရင်ပေါင်တန်းနိုင်ရန် ကမ္ဘာ့နံပါတ် ၁ အကောင်းဆုံး ပညာရေးစံနစ်ဖြစ်နေရမည်။


“နိုင်ငံတာကာမှ ဖင်လန်နိုင်ငံသို့ ပညာဆည်းပူးလို၍ဖြစ်စေ၊ အလုပ်လုပ်ကိုင် လို၍ဖြစ်စေ၊ မိသားစုလိုက် အခြေချလာရောက်နေထိုင်လို၍ ဖြစ်စေ၊ ဖင်လန်ဘာသာစကား တတ်မြောက်ထားဖို့ အထူး လိုအပ်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးအနာဂတ်မှ ဖင်လန်ဘာသာစကားပြင်ဆင်ပေးနေတာပါ။”

အင်တာ ဘာကြောင့် ဗျူးရသလဲ။ ဖင်လန်နိုင်ငံ ပညာရေးသည် ဆရာ၊ ဆရာမများပင်လျင် မာစတာဘွဲ့ရမှ စာသင်ခွင့်ရှိသည်။ နိုင်ငံသည်လည်း ကမ္ဘာ၌ အင်္ဂလိပ်လို အသုံးများသည့် နိုင်ငံတခုဖြစ်သည်။ လူဦးရည် ၅ သန်းအနက်၊ ၄ သန်းသည် အင်္ဂလိပ်ဘာသာစကား ပြောဆိုတတ်ကြသူများဖြစ်သည်။ ဖင်လန်နိုင်ငံသို့ အခြေချလာရောက်နေထိုင်ရာ၌ ဖင်လန်ဘာသားစကား အထူးလိုအပ်သလို၊ အင်္ဂလိပ်ဘာသာစကားလည်း လိုအပ်ပါသည်။ အကယ်၍ ဖင်းဘာသာစကား မသိသောစာလုံးများကို အင်္ဂလိပ်ကြားခံကာ အခက်အခဲများကို ကျော်လွှားနိုင်ပါသည်။


လေ့လာမှုပြုလုပ်နိုင်ရန် အဖွဲ့လိုက် လုပ်ကိုင်နိုင်သည့် လုင်ငန်းစဉ်များ အင်တာဗျူးချိန်၌ လုပ်ကိုင်ခိုင်းလေ့ရှိသည်။ အင်တာဗျူး ကြာမြင့်ချိန်သည် သည် ၂ နာရီ ရှိနိုင်ပါသည်။ အင်တာဗျူးသည် အင်္ဂလိပ်စကား မည်မျှတတ်မြောက်သည်ကို လေ့လာသည့်အပြင်၊ အောက်ပါအရာများလည်း တပါတည်း လေ့လာသွားပါသည်။


Preparing

  • အင်တာဗျူးသည် အများဆုံး ၂ နာရီပဲကြာသောကြောင့်၊ အထူးအလေးထား ပြင်ဆင်ပါ။

  • အသံတိတ်ဆိတ်သော ပါတ်ဝန်းကျင်ကို ရှာပါ၊ စာကြည့်ခန်း၊ သို့ အခန်းပိတ်ထား၍ အသံလုံသော နေရာ။

  • ကွန်ပျူတာ / လက်ကိုင်ဖုန်းဖြင့် Zoom ကို အသုံးပြု၍ရသောကြောင့်၊ ကြိုတင်ထည့်ထားပါ။

  • ကင်မရာ နှင့် အသံ အလုပ်လုပ်မလုပ်ကိုလည်း ကြိုတင်စမ်းထားကြည့်ပါ။

  • လျပ်စစ်မီးပြတ်ခြင်း၊ အင်တာနက်ပြတ်တောက်ခြင်း မဖြစ်စေရန်လည်း ကြိုတင်ပြင်ဆင်မှု ပြုလုပ်ထားပါ။

  • ရေဗူးအားဘေးမှာထား၍၊ အားလပ်ချိန်ရလျင် အသုံးပြုပါ။ အပြောလေ့လာခြင်းကြောင့် ပြောဆိုနေရမည့်အတွက် ရေသောက်ဖို့ရန်လိုပါသည်။

  • စာရွက်ခဲတံ အဆင်သင့်ထားရှိပါ၊ မိမိမှ ထွက်လာသော အကြံအဉာဏ်များကို ရေးမှတ်ထားနိုင်သည်။

  • စိတ်အေးအေးထား၍ အသက်ပုံမှန်ရှူပါ။

communication


အဖွဲနှင့်လုပ်ရသည်ဖြစ်သောကြောင့် အဖွဲ့ဝင် အလုပ်ဖော်များနှင့် ဆက်ဆံရေး ရှင်းလင်းပြေပြစ်မှုရှိရမည်။ လုပ်ငန်းစဉ်၏ ရည်မှန်းချက်၊ မျှော်လင့်ချက်များ၊ လုပ်ငန်းစဉ် ပြီးဆုံးရမည့်အချိန် နှင့် မည်သူမှ မည်သည့်အရာကို တာဝန်ယူကြမည်ကို ပွင့်လင်းစွာ ဆွေးနွေးအသိပေး ရမည်။ မတိုင်ပင်မီ လုပ်ကိုင်မည့်အရာအား ပေးထားအပ်သည့် အချိန်ကိုလည်း ခန့်မှန်းတတ်ရမည်၊ ရရှိသည့် အချိန်သည် ၁၅ မိနစ်ပြင်ဆင်ချိန်ရပြီး၊ မိမိတို့မှ ဖြစ်ချင်သည့် အိုင်ဒီယာများ ရေးဆွဲရန် ၁ နာရီကြာမြင့်လို့ မရပေ။ ထို့ကြောင့် အချိန်ကိုကြည့်၍ မည်သည့် အကြံအဉာဏ်များ သက်မှတ်ထားသည့် အချိန်အတွင်း ပြီးစီးရန် ဦးဆောင်သူရော၊ နောက်လိုက်များပါ အကဲခတ်စီစဉ်ရမည်။


Problem-solving


“အခက်အခဲများသည် နေရာတိုင်း၌ ရှိသည်၊ အဖြေရှာ၍ ရှင်းလင်းတတ်ရမည်။ ”

အခက်အခဲ အဟန့်အတားများကြား၌ လည်နေမည့်အစား၊ ထိုအခက်အခဲများကို မည်သို့ ဖြေရှင်းနိုင်မည်ကို ခြုံယုံကြည့်၍ အဖြေ ရှာတတ်ရမည်။ စိတ်ရှုပ်စေမည့် အကောင်းမမြင်မှု စဉ်းစားနေမည့်အစား၊ စိတ်အေးအေးထား၍ အဖွဲ့ဝင်များအား ကောင်းသည့်ရလဒ်များ စဉ်းစားထွက်ပေါ်စေရန် ဦးတည်၍ အားပေးဖေးမရမည်။


အမှားများဖြစ်ခဲ့လျင်လည်း၊ အထိုအမှားအား မည်သို့ ပြုပြင်၍ နောက်နောင် ထို့ထက် ကောင်းအောင် ပြုလုပ်နိုင်ပါသည်။

listening

မိမိကြီးပဲ အင်တာဗျူး၌ ပြောဆိုနေမည်ဆိုလည်း၊ သူများ ပြောဆိုခွင့် အခွင့်အရေးမပေးသလိုဖြစ်မည်။ အဖွဲ့ဝင်များ ပြောဆိုသည့်အရာများကိုလည်း နားထောင်တတ်ရမည်။ ၎င်းတို့၏ အမြင်များ၊ ထင်မြင်ချက်များကိုလည်း ပြောဆိုခွင့်ပေးရမည်။ ၎င်းတို့၏ မတူခြားနားသော အကြံဉာဏ်များသည် မိမိ လုပ်ငန်းစဉ်အတွက် အောင်မြင်မှုများ ဖြစ်စေနိုင်သည်ကို သတိပြုရမည်။


မိမိမှ မကြိုက်နှစ်သက်သော ထင်မြင်ချက်များတွေ့ပါကလည်း၊ အမြင်ခြင်း မတူညီပါက၊ အမည်မတူရသည့်အကြောင်းအရင်းကို နားလည်အောင် မေးမြန်းနိုင်သည်။ ရွေးချယ်ရမည့် အရာဖြစ်ပါကလည်း၊ မိမိတဦးတည်း ရွေးချယ်ဆုံးဖြတ်ခြင်းမလုပ်ဘဲ၊ အဖွဲ့ဝင်သားများ၏ သဘောတူညီမှုလည်း ရယူသင့်သည်။


critical thinking

စဉ်းစားတွေးတောတတ်ပြီး၊ အဖွဲ့မှာ အများပြောတိုင်း လိုက်မလုပ်ဖို့လည်း အရေးကြီးသည်။ အကြံဉာဏ်ပေးတိုင်း ခေါင်းညိတ်ဖို့မလိုဘဲ၊ အခြားနည်းလမ်းများဖြင့် ဒီ့ထက်ပိုမိုကောင်းမွန်ဖို့ ပြုလုပ်နိုင်သလားလည်း တွေးတောနိုင်ပါသည်။ အတွေ့အကြုံများ၊ အဖွဲ့ဝင်များ၏ အကြံဉာဏ်များလည်း ထည့်သွင်းစဉ်းစားကာ၊ လက်ရှိ အဟန့်အတားများကို မည်သို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန် စဉ်းစားတွေးတောခြင်းပင်ဖြစ်သည်။


ဥပမာ- ပစ္စည်းတခု တီထွင် ရောင်းကြမည်ဆိုပါစို့၊ မည်သူ့ကိုရောင်းမည်၊ မည်သည့်ပစ္စည်းဖြစ်ရမည်၊ မည်သို့ ထုတ်လုပ်မည်၊ မည့်သည့်စျေးနှုန်းဖြစ်သင့်သည်။ မိမိထုတ်လုပ်သည့် ပစ္စည်းသည် မည်သို့ အသုံးပြသူများအတွက် မည်သို့ အကျိုးဖြစ်ထွန်းမည်၊ မိမိပြိုင်ဘက် ဖြစ်သည့် ပစ္စည်းများ အစရှိသဖြင့် ပါဝင်သင့်သည်။


collaboration


“အဖွဲ့ကြီးတိုင်းလည်း ကောင်းသည်မဟုတ်၊ သို့သော် ပူးပေါင်းလုပ်ကိုင်လျင် အောင်မြင်မှုပိုရရှိနိုင်သည်”

အဖွဲ့နှင့်လုပ်ကိုင်မှုသည် အောင်မြင်မှုလျင်မြန်စွာ ရရှိနိုင်သလို၊ အကြံအဉာဏ်များ များသဖြင့် အောင်မြင်မှု နှေးကွေးခြင်းကိုလည်း ဖြစ်စေတတ်သည်။ ပူးပေါင်းလုပ်ကိုင်နိုင်မှုပေါ်မူတည်၍ ကိုယ်မတတ်သည့်အရာများကိုလည်း၊ တတ်မြောက်ထားသူထံမှ သင်ယူရနိုင်သည်။ ကိုယ်အတွေ့အကြုံမရှိပါက၊ အတွေ့အကြုံရှိသူကို ဦးစားပေး၍၊ ၎င်းကိုကြည့်ကာ လေ့လာသင်ယူမှုပြုလုပ်နိုင်သည်။


Roles & responsibilities

မိမိယူထားသော တာဝန်အလိုက်၊ ဦးဆောင်သူက ဦးဆောင်သလို၊ နောက်လိုက်သမားမှလည်း နောက်လိုက်လုပ်ဆောင်နိုင်ရမည်။ ရရှိသည့် တာဝန်ကိုလည်း တာဝန်အလိုက်လုပ်ကိုင်ရမည်၊ လိုအပ်သော အကြံဉာဏ်များကိုလည်း ထည့်သွင်းပြောဆိုပေးရမည်။ အချိန်သည် တိုတောင်းသောကြောင့် မိမိ အကြံဉာဏ်များတင်မဟုတ်၊ အများအကြံဉာဏ်များလည်း ပါဝင်အောင် လှုံ့ဆော်ပေးရမည်။ မိမိအလှည့်လာမည်ကို ကြိုသိနေလျင်၊ အကြံအဉာဏ်များ ကြိုတင်ပြင်ဆင်ရှာဖွေထားရမည်။ ကိုယ်အလှည့်ရောက်မှ အကြံဉာဏ်များထွက်မလာခြင်းမျိုး မရှိပါစေနှင့်။


no worries

အင်တာဗျူး၌ မိမိ ထင်မှတ်ထားသလောက် မအောင်မြင်ခဲ့လျင်လည်း စိတ်မပူပါနှင့်၊ အခမဲ့ နောက်တကြိမ်ပြန်လည် ကြိုးစားခွင့်ရှိပါသည်။ မိမိဘယ်လောက်ပင် ချောမွေ့သည်ဟု ထင်ခဲ့သော်လည်း၊ မေးမြန်းသူများမှ ပိုမိုလေ့လာလိုလျင် ထပ်မံဖြေကြားရန် ဖိတ်ခေါ်လေ့ရှိသည်။ အားမငယ်ပါနှင့်၊ ထပ်မံဆွေးနွေးခွင့်ရသည်ဟုသာ သက်မှတ်ပါ။


ဖြေကြားမှု၌ အားနည်းမှုများရှိပါကလည်း၊ အချိန်ယူ၍ ပြန်လည်လေ့ကျင့်ပါ။ ဗုဒ္ဓဟူးနေ့တိုင်း အင်တာဗျူးကျင်းပပေးသည်မို့၊ လောဖို့ရန် မလိုအပ်ပါ။ အချိန်ယူ၍ သေခြာပြင်ဆင်ပါ။ အင်တာဗျူးသည် ထပ်ခါထပ်ခါ ပြန်လည်ကြိုးစားခွင့်ရှိပြီး၊ များသောအားဖြင့် ဒုတိယအဆင့်၌ အောင်မြင်သူများ ရှိကြသလို၊ မအောင်မြင်သူများလည်း ရှိပါသည်။ လက်ရှိ၌ ၉၅ ရာနှုန်းပြည့် အောင်မြင်ကြပါသည်။


I want to interview!




834 views0 comments

コメント


  • TikTok
  • Facebook
  • Instagram
  • Twitter
  • YouTube

Finest future

myanmar

YANGON HQ

No 18, U Aung Zeya Street

11291, Thanlyin

Yangon , Myanmar

Google Map 

Yangon Call Center:

09 88121 0011 > 0044

09 88121 0055 > 0099

ffmm in 

thailand

BANGKOK BRANCH

The Livin Phet Kasem Condo

689/148 Phet Kasem Road

Bangwa, Ket Phasi Charoen

Bangkok, 10160, Thailand

Google Map

Thailand Call Center:

+66 6 4147 0900

သိလိုသည်များကို မေးမြန်းပါ။

ဆက်သွယ်သည့်အတွက် ကျေးဇူးတင်ပါသည်။

MANDALAY BRANCH

Garden Villa Residential Area

No.56, Taung Myint Quarter

Pyaygyidakhon, 05051, Mandalay

Google Map

Mandalay Call Center:

09 8833 444 10 / 20

09 8833 444 30 / 40

ffmm in 

FINLAND. EU

HELSINKI BRANCH

Alakiventie 9 A 5

00920 Helsinki

Finland

Google Map 

Payment accepted

CASH_edited.png

© 2023 FINLAND MYANMAR NETWORK OY

EU Business Registration: FI33193654      FINESTFUTUREMYANMAR.ORG

GDPR PRIVACY POLICY

bottom of page